Jump to content

၂၀၂၃ ဝီကီးမီးနီယာ

From Wikimania
This page is a translated version of the page 2026:Wikimania and the translation is 97% complete.


Wikimania 2026၊ 21st Wikimedia ကွန်ဖရင့်ကို 21-25 July, 2026 မာ လူကိုယ်တိုင်နန့် အွန်လိုင်းပွဲအဖြစ် Paris၊ France မာ ကျင်းပရန် စီစိုင်ထားရေ။

စုဝီးမှုဧ့ တစိတ်တဒေသစွာစွာ ရှိ့ဆောင် ဝီကီးပီးဒီးယား၏ 25th နှစ်ပတ်လည်နိ အခမ်းအနားဖြစ်တေ။

နီရာ

ကျင်းပဖို့နီရာအား အများပြည်သူမြင်ဖို့ ကြေညာမည်မဟုတ်ဘဲ မှတ်ပုံတင်ပြီးကေ သီးသန့်ဖော်ထုတ်လားဖို့ ဖြစ်တေ။ ကိုယ်တိုင်ရန်ပုံဖေသာ သို့မဟုတ် ကိုယ်တိုင်ဘွတ်ကင်လုပ်သူတိအတွက်၊ ကွန်ဖရင့်နီရာတိသို့ လားလာရလွယ်ကူစီဖို့အတွက် ပါရီမြို့ အဟိမြောက်ဘက်ဟိ မက်ထရိုလိုင်း 7 တလျှောက်မာ သင့်တည်းခိုနီထိုင်ရန် ကြိုတင်စာရင်းသွင်းဖို့ အကြံပြုအပ်ပါရေ။

ဆောင်ပုဒ်

'Wikimania Paris အတွက် ဆောင်ပုဒ်စွာ လွတ်လပ်မှု၊ ညီမျှမှု၊ ယုံကြည်စိတ်ချရမှု (Liberté၊ Équité၊ Fiabilité)။ အသိပညာ၊ တရားမျှတမှုနန့် လွတ်လပ်မှုကို တတူတကွ ကာကွယ်ကတ်မေဖိ။

ဝီကီးမီးယား ၂၀၂၆ အဓိကစီစဉ်ရီးဆွဲအဖွဲ့

ဝီကီးပီးဒီးယားကို တည်ထောင်ပြီး ၂၅ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပနီစွာ ဖြစ်ပါရေ။ အခမဲ့စွယ်စုံကျမ်းနန့် ယင်းဧ့ဂေဟစနစ်တခုလုံးအတွက် အလွန်အန္တရာယ်မဟိခပါ။ နိုင်ငံရီးနန့် မီဒီယာတိုက်ခိုက်မှုတိကို ကျနော်ရို့ ဇာပိုင်ခုခံတွန်းလှန်နိုင်ခလေ့၊ မတူညီရေဘာသာစကားအမျိုးမျိုးဟိ ဝီကီးမီဒီယာအသိုင်းအဝိုင်းတိနန့် တခြားဒစ်ဂျစ်တယ် ဘုံသုံးတိကြားမာ စည်းလုံးညီညွတ်မှုကို တိုးမြှင့်ကာ ဝီကီးမီးဒီးယန်းတိစွာ အနာဂတ်ကို တတူတကွ အောင်နှိုင်စွာ ပါဝင်ရေ နီရာတခု သေချာစီဖို့အတွက် ကျနော်ရို့ ဇာပိုင်လုပ်ဆောင်နှိုင်ဖို့လေ့။ Wikimania 2026 စွာ အသိပညာ အခမဲ့ဝင်ရောက်ခွင့်ကို ထိန်းသိမ်းထားရန် လုပ်ဆောင်ရန် အခွင့်အရီးတခုဖြစ်တေ။

သိပ္ပံပညာနန့် သမိုင်းဆိုင်ရေ သဘောတူညီမှုကို ပုံမှန်မီးခွန်းထုတ်လေ့ဟိပြီး အွန်လိုင်းပါဝင်မှု ပိုပြီးကေများလာကာ လှုပ်ခတ်ခံနိန်ရရေ ဒီမိုကရေစီတန်ဖိုးတိ ပိုပိုဆုံးယှုံးနီရေ ကမ္ဘာတဝန်းမာ၊ Wikimedia ပရောဂျက်တိစွာ သတင်းအချက်အလက် အခင်းအကျင်းမာ ခြွင်းချက်ဖြစ်တေ။ ယင်းရို့စွာ အသိပညာမျှဝီရန် နီရာတခု ပီးဆောင်ထားပြီးသား၊ ရှုမြင်ပုံတိစွာ စည်းမျည်းဖြစ်ပြီးကေ၊ အယူအဆတိ ဆွီးနွီးငြင်းခုံခြင်းနန့် အများသဘောဆန္ဒကို ရှာဖွီခြင်းစွာ ဘုံပရောဂျက်တခုဖြစ်တေ။

25 နှစ်တာကာလအထဲ၊ ပံ့ပိုးကူညီသူတိဧ့ အွန်လိုင်းအသိုင်းအဝိုင်းတိစွာ ကျောင်းသားတိ၊ ဂျာနယ်လစ်တိ၊ သိပ္ပံပညာသျှင်တိအပါအဝင် လူတိုင်းအားကိုးနှိုင်ရေ ဒစ်ဂျစ်တယ် ဘုံကောင်းကျိုးကို ဖန်တီးနိုင်ခရေ။

ယကေလေ့ ဒေအရင်းအမြစ်ကို ဂုချိန်ခါ ခေတ်ဆက်ဆက် ခြိမ်းခြောက်ခံနီရရေ- ကမ္ဘာတဝှမ်းဟိ နိုင်ငံရီးပုဂ္ဂိုလ်တိနန့် အဖွဲ့အစည်းတိစွာ Wikimedia Foundation နန့် Wikipedia အား ပိတ်ပစ်ရန်၊ ယင်းရို့ဧ့ စစ်သွီးကြွအမြင်တိကို ချမှတ်ခြင်း သို့မဟုတ် ကလောင်နာမည်နောက်ကွယ်မှ ပံ့ပိုးကူညီသူတိကို ရှာဖွီဖော်ထုတ်ရန် AI ကို လိ့ကျင့်ပေးခြင်း၊ ယင်းရို့ဧ့ နိုင်ငံသားအထောက်အထားကို ဖော်ထုတ်ရန်နန့် နှောင့်ယှက်ရန် မြှောက်ပင့်ပီးမှုတိကို မြင်တွိ့လာရရေ။ အသိပညာမျှဝီခြင်းစွာ ကြားနီမဟုတ်၊ ဒေကိုယ်ကျိုးမငဲ့ရေ လုပ်ငန်းစွာ ဒေနိခေတ်မာ ခြိမ်းခြောက် ခံနီရပါရေ။ ယင်းပိုင် ခြိမ်းခြောက်ခြင်း၊ ကိုယ်ရီးကိုယ်တာ အချက်အလက်တိကို ဖော်ထုတ်ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းနန့် လွတ်လပ်မှု ဆုံးယှုံးခြင်း တိနန့် စွယ်စုံကျမ်းဆိုင်ရာကို ပံ့ပိုးကူညီသူတိကို ကာကွယ်ပီးရေ အကြောင်းရင်းတိဖြစ်တေ။

ကျား၊မ၊ ဇာစ်မြစ် သို့မဟုတ် ဘာသာစကားမခွဲခြားဘဲ လူတိုင်းစွာ ကမ္ဘာ့အသိပညာ အစုအဝီးကို မျှဝီနှိုင်ရေ ကမ္ဘာတခုဧ့ မျှော်မှန်းချက်တခု ဟိနီပါရေ။ ဒေအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် Wikimedia နန့် ယင်းရို့ဧ့ လုပ်ဖော်ကိုင်ဖက်တိအတွက် လုံခြုံရေ၊ ပါဝင်နှိုင်ရေ၊ ဘာသာစကားပေါင်းစုံ မျှဝီရေ နီရာတခု သေချာစီရန် လိုအပ်ပါရေ။ ယင်းအတွက်နန့် Wikimania Paris စွာ Wikimedia ဂေဟစနစ်ဧ့ အခြီခံတန်ဖိုးတိဖြစ်တေ လွတ်လပ်မှု၊ သာတူညီမျှမှုနန့် ယုံကြည်စိတ်ချရမှုရို့ကို အာရုံစိုက်ဖို့ဖြစ်တေ။

လွတ်လပ်ခြင်း

ကျနော်ရို့ဧ့ကွန်ဖရင့်စွာ Wikimedia ပရောဂျက်တိကို အခြီခံရေ အခြီခံလွတ်လပ်ခွင့်တိကို စူးစမ်းလီ့လာရန် ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရေ ပူးပေါင်းပါဝင်မှုနန့် အသိပညာဆိုင်ရေ အတားအဆီးတိကို ဖြိုခွဲရန် ရည်ရွယ်ပါရေ။ လူတိုင်းစွာ ယင်းရို့ဧ့ အသိပညာတိကို လွတ်လပ်စွာ မျှဝီခွင့်ဟိသင့်ရေလို့ ကျနော်ရို့ အခိုင်အမာ ယုံကြည်ပါရေ။ လွတ်လပ်စွာ ပါဝင်ခွင့်နန့် လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်စွာ ကောင်းမွန်ပြီး စကားစစ်ထိုးရန် နီရာလွတ်တိကို ထိန်းသိမ်းထားရန် မဟိမဖြစ် လိုအပ်ပြီး စကားသံတိုင်းကို ကြားနာပြီး လေးစားမှု ရဟိစီပါရေ။ ရှုဒေါင့်အားလုံးကို တက်စားပြုပြီး ဆွီးနွီးမှုတိစွာ အပြုသဘောဆောင်ပြီး ပါဝင်ကြောင်း သေချာစီဖို့အတွက် ဒေလွတ်လပ်ခွင့်တိစွာ အရီးကြီးပါရေ။

ကျနော်ရို့ဧ့ကွန်ဖရင့်ဧ့ နောက်ထပ်အရီးကြီးရေအချက်မာ လွတ်လပ်စွာ လိုင်စင်တိနန့် ဖြစ်နှိုင်ခြီဟိရေ အကြောင်းအရာတိကို တီးဖြတ်ရန်၊ ပြန်ပနာထုတ်လုပ်ခြင်းနန့် ဖြန့်ဝီခွင့်ဟိရေ။ ဧပိုင်လိုင်စင်တိစွာ ပူးပေါင်းဆောင်ရွက်မှုနန့် ဆန်းသစ်တီထွင်မှုကို လွယ်ကူချောမွိ့စီပနာ ပညာရီးနန့် ယိုင်ကျေးမှုဆိုင်ရေ အရင်းအမြစ်တိက လူတိုင်းကို ပါဝင်ကူညီပြီး အကျိုးခံစားခွင့်ပီးရေ။ လွတ်လပ်စွာ ကလောင်နာမည်ပီးခြင်းစွာ ဗဟိုဆောင်ပုဒ်တခုလည်းဖြစ်တေ။

နောက်ဆုံးမာ၊ လွတ်လပ်စွာ အသင်းအဖွဲ့နန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြင် သတင်းလွတ်လပ်ခွင့်နန့် အရည်အသွီးဟိရေ အကြောင်းအရာတိကို ရယူသုံးစွဲခွင့်ရို့ကို မီးမောင်းထိုးပြပါဖို့။ အရည်အသွီးမြင့် ပညာရီးနန့် ယိုင်ကျေးမှုအရင်းအမြစ်တိကို လူတိုင်းလက်လှမ်းမီသင့်ရေလို့ ကျနော်ရို့ယုံကြည်ပါရေ။ Wikimedia ပရောဂျက်တိစွာ ဆန်းသစ်တီထွင်မှုဧ့ထိပ်ဆုံးမာဟိနီကာ ကမ္ဘာပေါ်ဟိလူတိုင်းအတွက် အခမဲ့ဝင်ရောက်ခွင့်ကို ဆက်ပနာပံ့ပိုးပီးနှိုင်ဖို့ အသိပညာမျှဝီခြင်းအတွက် အထောက်အကူဖြစ်စီဖို့ ကိရိယာတိဖန်တီးနိုင်စီခြင်းနန့် ဆန်းသစ်တီထွင်မှုလွတ်လပ်မှုကိုလေ့ ဆွီးနွီးဖို့ဖြစ်ပါရေ။

တန်းတူညီမျှမှု

တန်းတူညီမျှရီးရေ အားလုံးအတွက် တန်းတူရွယ်တူ အခွင့်အလမ်းတိ ပီးဆောင်ရန် ရည်မှန်းထားကေလေ့ သာတူညီမျှမှုကို ယင်းရို့ဧ့ တဦးချင်း လိုအပ်ချက်အရ လူအားနုန်းအတွက် သာတူညီမျှရေ နည်းလမ်းတိကို ဖြည့်ဆည်းပီးဖို့ ရည်ရွယ်ပါရေ။

စုပေါင်းအသိပညာတည်ဆောက်မှုမာ လူတဦးချင်းစီမာ ပါဝင်ဖို့လိုအပ်ရေ နည်းပညာနန့် လူမှုရီးဆိုင်ရေ နည်းလမ်းများဟိရေ ပတ်ဝန်းကျင်ကို သေချာစေဖို့ တရားမျှတမှုနန့် သုံးစွဲနိုင်မှုဆိုင်ရေ ကိစ္စရပ်တိကို ကျနော်ရို့အာရုံစိုက်ပါဖို့။

လူသားတိဧ့ မတူကွဲပြားမှုကို တက်စားပြုရေ အမှန်အကန် တကမ္ဘာလုံး မျှဝီထားရေ အသိပညာကို သေချာစီရန်၊ သာတူညီမျှမှုကို အသိပညာ ထုတ်လုပ်မှုနန့် သုံးစွဲမှုဗဟိုမာ ထားဟိရန် လိုအပ်ပါရေ။ ကျမ္မာပြီး ဖီးကင်းလုံခြုံရေ ပတ်ဝန်းကျင်မာ ယိုင်ကျေးမှုပေါင်းစုံပါဝင်ရေ အလိ့အကျင့်တခုကသာ ကျနော်ရို့ဧ့ပရောဂျက်တိနန့် ကျနော်ရို့ဧ့အသိုင်းအဝိုင်းအထဲ ဒေနိဟိနီဆဲဖြစ်ရေ ဘက်လိုက်မှုတိကို ပြုပျင်နှိုင်ဖို့ဟု ကျနော်ရို့ယုံကြည်ပါရေ။

ယုံကြည်စိတ်ချရမှု

Wikimedia ပရောဂျက်များမာ မျှဝီထားရေ အကြောင်းအရာတိဧ့ အတည်ပြုနိုင်မှု၊ အဖြစ်မှန်နန့် ကြားနီမှုကို အထူးအာရုံစိုက်ပါဖို့။ သိပ္ပံနည်းကျ ယုံကြည်စိတ်ချရမှုနန့် စာနယ်ဇင်းလုပ်ငန်းဧ့ ယုံကြည်ကိုးစားမှုကို ပိုပြီးကေတိုက်ခိုက်ခံနိန်ရချိန်မာ ရင်းမြစ်တိဧ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကျနော်ရို့ အခိုင်အမာ ပြောကြားပါဖို့။ ယုံကြည်စိတ်ချရပနာ လွတ်လပ်စွာ လက်လှမ်းမီနှိုင်ရေ အသိပညာများ ထုတ်လုပ်ပီးနှိုင်ရေ၊ လူသားတိက ဖန်တီးကာ အတည်ပြုနှိုင်ရေ စကြာဝဠာလှုပ်ယှားမှုတခုအနိန်နန့် ကျနော်ရို့ဧ့တာဝန်ကိုလေ့ မီးခွန်းထုတ်ပါဖို့။

ကမ္ဘာလုံးဆိုင်ရေ သတင်းအချက်အလတ် အာကာသထဲမာ ကျနော်ရို့ဧ့ အခန်းကဏ္ဍနန့် ကျနော်ရို့ဧ့ လှုပ်ယှားမှုစွာ ယင်းကို ဇာပိုင် အကျိုးပြုကြောင်းကိုလေ့ ဆွေးနွေးမည်ဖြစ်ပြီးကေ ယင်းကို ဆက်ပနာ ပံ့ပိုးပီးရဖို့ဖြစ်တေ။ Wikimedia လှုပ်ယှားမှုဧ့ ရီရှည်တည်တံ့မှုနန့် ခိုင်မာမှုနန့် ဆိုင်ရေ မီးခွန်းကို ကျွန်ုပ်ရို့ကိုယ်တိုင် မေးဖို့ လိုအပ်ပါရေ။

ကောက်ချက်ချရန်

ယုံကြည်စိတ်ချရရေ၊ ကြားနီ နန့် လွတ်လပ်ရေ သတင်းအချက်အလက်တိ ဆက်ပနာမျှဝီနှိုင်စီရန် ဒေ Wikimania ဧ့ စည်းလုံးညီညွတ်မှု၊ ပိုပြီးကေ နနောင်းကျရေ စည်းလုံးညီညွတ်မှု၊ ပိုပြီးကေ ခိုင်မာရေစည်းလုံးညီညွတ်မှုနန့် နိုင်ငံရီးနန့် မီဒီယာတိုက်ခိုက်မှုတိကို ပိုပြီးကေ ခံနိုင်ရည်ဟိစီဖို့ ဒေတန်ဖိုးတိကို အသစ်နောက်ထပ်ယုံကြည်မှုဖြင့် ဒေ Wikimania ကို ထားခရန် ကျနော်ရို့ မျှော်လင့်ပါရေ။

စီစိုင်သူ

ပွဲဖော်တိ

အဖွဲ့အစည်းဆိုင်ရေမိတ်ဖက်တိ

PLATINUM ပါတနာတိ


ရွှီလက်တွဲဖော်တိ

SILVER ပါတနာတိ

အသင်းစိန်ခေါ်မှုတိ

ဒေဆိုဒ်တိစွာ Wikimedians အတွက် တန်းခါးဖွင့်ပီးရေ

ဒေစာမျက်နှာဧ့ ဘာသာပြန်တိ