၂၀၂၀ ၊ စကောလားရှစ်
ဝီကီမန်းနီးယား ၂၀၂၀ သည် ဝီကီမီဒီယာလှုပ်ရှားမှု၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၆ကြိမ်မြောက် နိုင်ငံတကာ ညီလာခံဖြစ်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၂၀ ခုနှစ် ဩဂုတ်လ ၅ရက်မှ ၉ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။ "ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ စကောလားရှစ် အစီအစဉ်" သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း (WMF) မှ ပံ့ပိုးပေးသော ရန်ပုံငွေကို အသုံးပြုပြီး စကောလားရှစ် ရွေးချယ်ခံရသော လူအနည်းစုတို့အား ဝီကီမန်းနီးယားတွင် တက်ရောက်နိုင်ရန် ခရီးစရိတ်၊ ညီလာခံ မှတ်ပုံတင်ခ နှင့် နေထိုင်ရန် စရိတ် တို့အတွက် လုံလောက်စွာ ထောက်ပံ့ပေးမည် ဖြစ်သည်။
အောက်ပါစာမျက်နှာတွင် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ စကောလားရှစ် နှင့် ပတ်သက်သော လုပ်ငန်းစဉ်များအား ဖော်ပြထားပါသည်။ အခြားသော ချက်ပတာများ နှင့် အဖွဲ့အစည်းများမှလည်း စကောလားရှစ် ပေးအပ်လေ့ ရှိပါသည်။
အရေးကြီးသော နေ့စွဲများ
WMF စကောလားရှစ် အစီအစဉ်အတွက် ခန့်မှန်းခြေ အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။
- စကောလားရှစ် လျှောက်လွှာ စတင်လက်ခံသည့်နေ့။ ။ ဖေဖော်ဝါရီလ ၁၇ ရက်၊ ၂၀၂၀
- စကောလားရှစ် လျှောက်ထားရန် လျှောက်လွှာပိတ်သည့် အချိန်။ ။ မတ်လ ၁၆ ရက်၊ ၂၀၂၀ ၂၃:၅၉:၅၉ UTC
- WMF မှ စကောလားရှစ် လျှောက်ထားမှုနှင့် ပတ်သက်၍ ပထမအဆင့် စိစစ်ခြင်း ။ ။ မတ်လ(ရမည် မရမည်ကို ကြေငြာမည် မဟုတ်ပါ။)
- စကောလားရှစ် ကော်မတီမှ ဒုတိယအဆင့် အသေးစိတ် အကဲဖြတ်ခြင်း ။ ။ ဧပြီလ
- လျှောက်ထားသူအား နောက်ဆုံး ဆုံးဖြတ်ချက်အား အကြောင်းကြားခြင်း။ ။ မေလ အစောပိုင်း
- စကောလားရှစ် ရရှိသူ နောက်ဆုံးစာရင်းအား ကြေငြာခြင်း ။ ။ "မေလ/ဇွန်လ"
စကောလားရှစ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များ
ယခုနှစ်တွင် WMF မှ ဝီကီမန်းနီးယား သို့တက်ရောက်နိုင်ရန် စကောလားရှစ် အမျိုးအစား ၂ မျိုးကို ပေးအပ်မည် ဖြစ်သည်။
- "စကောလားရှစ် အပြည့်" တွင် အောက်ပါ အသုံးစရိတ်များအတွက် ပေးအပ်မည် ဖြစ်သည်။
- အသွားအပြန် ခရီးစရိတ်
- တခြားသူနှင့် ဝေမျှနေထိုင်ရမည့် နေစရာ
- ညီလာခံ မှတ်ပုံတင်ခ
- "စကောလားရှစ် တစ်ဝက်" တွင် အောက်ပါ စားရိတ်များကိုသာ ပေးမည် ဖြစ်သည်။
- တခြားသူနှင့် ဝေမျှနေထိုင်ရမည့် နေစရာ
- ညီလာခံ မှတ်ပုံတင်ခ
ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ ပေးအပ်သော စကောလားရှစ်များတွင်( အချို့သော ချက်ပတာ အဖွဲ့အစည်းများနှင့် အတူ) စုစုပေါင်း ပေးအပ်သော စကောလားရှစ် အရေအတွက်မှာ ယခုနှစ်အတွက် စုစုပေါင်း ဘတ်ဂျတ်ရနိုင်မှု အပေါ်တွင် မူတည်သည်။ သို့သော်လည်း ခန့်မှန်းခြေအားဖြင့် % မျှသော စကောလားရှစ်ကို စကောလားရှစ်အပြည့်အတွက် ပေးအပ်မည် ဖြစ်ပြီး % မျှသော စကောလားရှစ်ကို စကောလားရှစ်တစ်ဝက်အတွက် ပေးအပ်မည် ဖြစ်သည်။ နောက်ဆုံး စကောလားရှစ် အရေအတွက်ကို တတိယအဆင့် တွင် ဆုံးဖြတ်မည်ဖြစ်ပြီး နောက်ဆုံး စကောလား ရရှိမည့်သူများကို ရွေးချယ်ပြီးနောက်တွင် ဖြစ်သည်။ ယခင်နှစ်ကမူ ခန့်မှန်းခြေအားဖြင့် စကောလားရှစ် အပြည့်ရရှိသူ ၇၀ မှ ၉၀ အထိ ရှိပြီး စကောလားရှစ် တစ်ဝက် ရရှိသူ ၂၀ မှ ၃၀ အထိ ရှိကာ နောက်ဆုံး စားရိတ်အပေါ်တွင် မူတည်သည်။
စကောလားရှစ် အပြည့် သည် ကိုတာ ပေါ်တွင် မူတည်သောလည်း စကောလားရှစ် တစ်ဝက် အတွက်မူ ပထဝီ နှင့် ဘာသာစကားဆိုင်ရာ ကန့်သတ်ထားချက် မရှိပေ။ WMF နှင့် ဝီကီမီဒီယာ အဖွဲ့အစည်းများမှ ပေးအပ်သော ခန့်မှန်းခြေ စကောလားရှစ် အရေအတွက်ကို အောက်တွင်ဖော်ပြထားသော အချက်အလက်များတွင် တွေ့နိုင်သည်။
စကောလားရှစ် လျှောက်ထားရာတွင် လျှောက်ထားသူ တစ်ဦးချင်း အနေနှင့် မည်သည့် စကောလားရှစ် အမျိုးအစားကို လျှောက်ထားသည် ဆိုသည်ကို ဖော်ပြရမည်။ သို့သော်လည်း လျှောက်ထားသူ အနေနှင့် "ကျွန်ုပ်သည် စကောလားရှစ် အပြည့်ကို လျှောက်ထားသည်။ သို့သော်လည်း စကောလားရှစ် တစ်ဝက်ရမည်ဆိုပါကလည်း တက်ရောက်နိုင်သည်။" ဆိုသော ရွေးချယ်မှုကိုလည်း ပြုလုပ်နိုင်သည်။ သူတို့အား စကောလားရှစ် အပြည့်အတွက် ပထမဦးစွာ စဉ်းစားမည် ဖြစ်ပြီး စကောလားရှစ် အပြည့်အတွက် အားလုံးကို ရွေးချယ်ပြီးပါက စကောလားရှစ် တစ်ဝက်အတွက် ထည့်သွင်း စဉ်းစားမည် ဖြစ်သည်။
စကောလားရှစ်မှ မည်သည့် အသုံးစရိတ်များအတွက် ပေးအပ်မည်၊ စကောလားရှစ် ရရှိသူ အနေနှင့် မိမိကိုယ်ပိုင်ငွေဖြင့် မည်သည့် အသုံးစရိတ်များကို သုံးစွဲရမည် ဆိုသည်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက FAQ တွင် ကြည့်ပါ။
ဝီကီမီဒီယာ အဖွဲ့အစည်းများမှ ပေးအပ်သော စကောလားရှစ်များ
ဝီကီမန်းနီးယားအတွက် စကောလားရှစ် ပေးအပ်သော အဖွဲ့အစည်းမှာ WMF တစ်ခုတည်း မဟုတ်ပေ။ အခြားသော ဝီကီမီဒီယာ အဖွဲ့အစည်းများ ဖြစ်ကြသော ချက်ပတာများ နှင့် သယ်မက်တစ်အဖွဲ့အစည်းများ သည်လည်း သူတို့ဘာသာ စကောလားရှစ် ပေးအပ်လေ့ ရှိကြသည်။ ကျွန်ုပ်တို့ အနေနှင့် သူတို့၏ အစီအစဉ်များနှင့် ပတ်သက်၍ သေချာစွာ သိရှိရပါက ဖော်ပြပေးမည် ဖြစ်သည်။
- Wikimedia Italia will offer approximately 5 scholarships.
- …
ရွေးချယ်သည့် လုပ်ငန်းစဉ်
For the eligibility to apply, the selection process and the selection criteria please have a look at the inter-year description of the Wikimania Scholarship Selection Process and the Reviewer's guide. In 2020, the Scholarship Committee will have a deeper look into outreach activities of the applicants.
မေးခွန်းများ
ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ စကောလားရှစ် အစီအစဉ်များနှင့် ပတ်သက်၍ ထပ်မံ သိရှိလိုပါက မကြာခဏ မေးလေ့ရှိသော မေးခွန်းများ(FAQ) စာမျက်နှာသို့ သွားရောက်လည်ပတ် လေ့လာနိုင်ပါသည်။
သင့်အနေနှင့် မေးစရာ မေးခွန်းရှိပါက wikimania-scholarships@wikimedia.org သို့ ဆက်သွယ်နိုင်သည့် အပြင် 2020 talk:Scholarships တွင်လည်း မေးခွန်း မေးမြန်းနိုင်ပါသည်။
လျှောက်ထားရန်
application formအား ၁၆ ရက်၊
မတိုင်မီ ပေးပို့နိုင်ပါသည်။ လျှောက်ထားသူ အနေနှင့် လျှောက်လွှာမပေးပို့မီ ဤစာမျက်နှာပေါ်တွင် ရေးသားထားသော အရာအားလုံး နှင့် FAQကို ပြန်လည် သုံးသပ်ရန် လှိုက်လှဲစွာ အကြုံပြုလိုပါသည်။
For information about privacy and data-handling, you may refer to the application data statement.
ဝီကီမန်းနီးယား ၂၀၂၀ WMF စကောလားရှစ် လျှောက်လွှာ ယခု ပိတ်ပါပြီ။ အောင်မြင်သော လျှောက်ထားသူများအား meta:Grants:TPS/Wikimania scholarsတွင် ဖော်ပြထားပါသည်။